ဘွဲ့ကြိုဘွဲ့လွန် သင်တန်းများဖွင့်လှစ်မည်
ပညာရေးဝန်ကြီးဌာန အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်၊ ဟောင်ကောင် အစိုးရတက္ကသိုလ်ဖြစ်သည့် The Open University of Hong Kong (OUHK)၊ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ SKU တက္က သိုလ်နှင့် STI Myanmar University (STIMU) တို့ပူးပေါင်း၍ ဘွဲ့ကြိုနှင့် ဘွဲ့လွန်သင်တန်းများ ဖွင့် လှစ်သင်ကြားလျက်ရှိပြီး ယခုအခါ ဗြိတိသျှအစိုးရတက္ကသိုလ်တစ်ခုဖြစ်သည့် University of Bedfor-dshire (UOB) နှင့် STIMU တို့ပူးပေါင်း၍ ဘွဲ့လွန်၊ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရ သည်။
စီးပွားရေးမဟာဌာနတွင် Business Administration နှင့် Accounting အထူးပြုဘွဲ့ကြိုသင်တန်းများ၊ MBA ဘွဲ့လွန်သင်တန်း၊ အင်ဂျင်နီယာမဟာဌာနတွင် Civil Engineering၊ Architectural Engineer-ing၊ Electronic Engineering၊ Architectural Design နှင့် Construction Management ဘွဲ့ကြို သင်တန်းများ၊ MBA (Engineering Management) မဟာဘွဲ့သင်တန်းတို့ကို ဖွင့်လှစ်မည်ဖြစ်သည်။
ထို့အပြင် Education နှင့် Linguistics မဟာဌာနမှ Master of Education မဟာဘွဲ့ကိုလည်းကောင်း၊ မဟာဌာနအသစ်တစ်ခု ဖြစ်သည့် Health Science မဟာဌာနမှ MBA (Hospitals and Health Serv-ices Management)၊ Master of Nurtrition ands Dietetics နှင့် Masters of Public Health မဟာ ဘွဲ့များကိုလည်းကောင်း ဖွင့်လှစ်မည်ဖြစ်သည်။
အဆိုပါ ဘွဲ့လွန်၊ ဘွဲ့ကြိုသင်တန်းများမှ မွေးထုတ်ပေးသည့် လူ့စွမ်းအားအရင်းအမြစ်များသည် မြန်မာ နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် အဓိကမောင်းနှင်အားတစ်ခုဖြစ်ပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။
ထို့အပြင် ဗြိတိန်အစိုးရတက္ကသိုလ်နှင့် ပူးပေါင်းခြင်းအားဖြင့် ပြည်တွင်းရှိဆရာများနှင့် ကျောင်းသားများ အား ကမ္ဘာ့အဆင့် သင်ကြား၊ သင်ယူမှု နည်းပညာများကို အချိန်တိုအတွင်း ရယူနိုင်မည်ဖြစ်သည်။
ဝင်ခွင့်သတ်မှတ်ချက်မှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ GCE ‘O’ နှင့် GCE ‘A’ အောင်မြင်ပြီး သူများ၊ STIUM ဒီပလိုမာဘွဲ့ရရှိပြီးသူများ၊ HND၊ ABE ဒီပလိုမာရရှိပြီးသူများ လျှောက်ထားနိုင် ကြောင်းနှင့် ဘွဲ့လွန်သင်တန်းများသို့ ဘွဲ့တစ်ခုခု ရရှိထားသူများလျှောက်ထားနိုင်ကြောင်း သိရှိရ သည်။
Source Credit:
ကြေးမုံသတင်းစာ
စက်တင်ဘာလ (၃၀) ရက်၊ ၂၀၁၅ ခုနှစ်
http://www.maukkha.org/…/myanmar-e…/8533-2015-10-14-02-06-46