ပုဂ္ဂလိကပညာရေးဥပဒေကိုယခုအစိုးရသက်တမ်းတွင် ပြဌာန်းရန်%နည်းနေဟုဆို
ပုဂ္ဂလိကပညာရေးဥပဒေကိုယခုအစိုးရသက်တမ်းတွင် ပြဌာန်းရန်%နည်းနေဟုဆို
ပုဂ္ဂလိကပညာရေးဥပဒေကို ပြင်ဆင်ရေးဆွဲရန် အမျိုးသားလွှတ်တော်ကဆုံးဖြတ်ခဲ့ရာ ယခုအစိုးရ သက်တမ်းအတွင်း ယင်းဥပဒေကို အတည်ပြုပြဌာန်းနိုင်ရန် %နည်းကြောင်းပညာရေးဝန်ကြီးဌာနမှသိရသည်။
ပုဂ္ဂလိကပညာရေးဥပဒေကြမ်းပါ ပုဂ္ဂလိကကျောင်းတည်ထောင်မှုနှင့်ပတ်သက်သည့် အချက်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပဒေပါ ပြဌာန်းချက်များနှင့်ညီညွှတ်ခြင်းမရှိသဖြင့် အသစ်ပြန်လည်ရေးဆွဲရန် အမျိုးသားလွှတ်တော်က နိုဝင်ဘာလ ၂၀ ရက်နေ့တွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီး ဌာနအနေဖြင့်ဥပဒေအသစ်ပြန်လည်ရေးဆွဲရန်ဆောင်ရွက်နေပြီး ယခုအစိုးရသက်တမ်းတွင်လွှတ်တော်သို့ထက်မံတင်ပြရန် %အလွန်နည်းကြောင်း အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ပုဂ္ဂလိကပညာရေးဥပဒေကြမ်းကို ပညာရေးဝန်ကြီးဌာနကပုဂ္ဂလိကပညာရေးနယ်ပယ်မှ ပညာရှင်များ နှင့် ပူးပေါင်းရေးဆွဲခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်ဇွန်လအတွင်းကလွှတ်တော်သို့တင်ပြခဲ့ပြီး အများပြည်သူသိရှိနိုင်ရန် ဥပဒေကြမ်းကို သတင်းစာနှင့် ပညာရေးဝန်ကြီးဌာနဝက်ဘ်ဆိုက်စာမျက်နှာများတွင်ဖော်ပြခဲ့ပြီးအကြံပြုချက် များလက်ခံခဲ့ကြောင်းသိရသည်။
"ပုဂ္ဂလိကပညာရေးဥပဒေကြမ်းကို ရေးဆွဲစဉ်ကတည်းကပညာရေးဝန်ကြီှးဌာနက မဆွဲဘူး။ ပုဂ္ဂလိက ပညာရေးလုပ်နေသူတွေကိုပဲ ဆွဲခိုင်းတာ။ ဥပဒေစဆွဲကတည်းကအုပ်စု ၂ စုကနေ ဥပဒေကြမ်း ၂ ခုထွက် လာတယ်။ အဲဒီ ၂ ခုကိုဝန်ကြီးဌာနနဲ့ ပုဂ္ဂလိကဘက်ကသူတွေနဲ့သေချာဆွေးနွေးပြီး မှုကြမ်း၁ခုထွက်လာ ပါတယ်။ ဥပဒေကြမ်းဆွဲစဉ်မှာ နိုင်ငံခြားကလာဖွင့်တဲ့ကျောင်းတွေ၊ဗြိတိသျှကောင်စီနဲ့ အမေရိကန်စင်တာက ဖွင့်ထားတဲ့ကျောင်းတွေနဲ့ ပတ်သက်ပြီးအငြင်းပွားမှုရှိခဲ့တယ်" ဟု ပုဂ္ဂလိကပညာရေးလုပ်ကိုင်နေသူ ဒေါက်တာ နေဝင်းနိုင်ကပြောကြားသည်။
အမျိုးသားပညာရေးဥပဒေ၏ ဆက်စပ်ဥပဒေများဖြစ်သောအခြေခံပညာရေးဥပဒေ၊ နည်းပညာနှင့် သက်မွေးပညာရေးဥပဒေ၊ ပုဂ္ဂလိကပညာရေးဥပဒေမှုကြမ်းများကိုဇွန်လအတွင်းကပေးပို့ခဲ့ရာ နိုဝင်ဘာလအ တွင်းက ကျန်ဥပဒေ၂ခုကို လွှတ်တော်တွင်ဆွေးနွေးအတည်ပြုခဲ့သော်လည်းပုဂ္ဂလိကပညာရေးဥပဒေကို ပြန်လည်ရေးဆွဲရန် ပညာရေးဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့ခဲ့သည်ဟုသိရသည်။